လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ငုဝါလမ်း၌ မီးလောင်မှုဖြစ်ပွား

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်ငုဝါလမ်း၊ အမှတ်(၃၅၇၊ က) နေ ဒေါ်ဝေဝေဇင်၏ နေအိမ်၌ ယနေ့ နံနက် နာရီ ၃၉ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ်(၁၁)ရပ်ကွက်ငုဝါလမ်း၊ အမှတ်(၃၅၇၊ က) နေ ဒေါ်ဝေဝေဇင် အသက်(၄၂)နှစ် (အဘ) ဦးတင်အောင် နေထိုင်သော သွပ်မိုးပျဉ်ကာ ထပ်ခိုးတပ်ဆင်ထားသည့် မီးပလပ်ခုံမှာ ချို့ယွင်းပြီး မီးပွားများ ပန်းထွက်ရာမှ အနီးရှိ အဝတ်အစားများအပေါ် မီးပွားကျ၍ မီးကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းသည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်()စီး၊ ရေသယ်ယာဉ် ()စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၂ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှု ကြောင့် နေအိမ်ရှိ အဝတ်အထည်နှင့် ပျဉ်အနည်းငယ်  ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်ဝေဝေဇင်အား မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)