ကလော ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့၌ကျင်းပပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ထွေထွေရွေးကောက်ပွဲကော်မရှိအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဆွေ က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး များတွင် မဲဆန္ဒရှင်စာရင်းများအား (၁၄)ရက်ကြာ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ပထမအကြိမ် ကြေညာလျက်ရှိရာ မဲစာရင်းများအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ လွဲမှားမှုနှင့် ကျန်ရှိ နေမှုများမရှိစေရေး မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲစာရင်းများပြန်လည် စိစစ်ပေးသွားကြစေလိုကြောင်း၊ မြို့နယ်အတွင်းအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်း ကူညီ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)