ထန်းတပင် (ပဲခူး) ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့် တိုက်သို့ နေ့စဉ်စာငှားစာဖတ် လာရောက်ကြသူများအနေဖြင့် လူကုန်ကူးခြင်းခံရမှု အန္တရာယ် ဆိုးကျိုးများကို သိရှိစေပြီး ကြိုတင် ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ် ပြဘုတ်၌ ပြသထားကြောင်းသိရသည်။
အသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးခြင်းခံရမှု စတင်ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခြင်း ခံရမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုစောင်းသည့်နည်းလမ်းများမှ ကြိုတင် ကာကွယ်နိုင်မည့် အချက်များ၊ လူကုန်ကူးခြင်း ခံရမှု မရှိစေရေး သတိပြုရမည့် အချက်များ အပြင် လူကုန်ကူးခြင်း ခံရမှုမှ ကာကွယ်နိုင်ရန် အသိပညာပေးကာတွန်းများကို ပြည်သူ များ အသိပညာများ ရရှိနိုင်ရန် ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ပြသထားရှိပြီး ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)