ခေါဇာမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေး မွန်-မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ခေါဇာ  ဇန်နဝါရီ ၁

မွန်ပြည်နယ်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန်ပြန့်သိရှိရေန် အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်ခြင်း မရှိကြရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အကြိမ်ရေအပြည့် ထိုးနှံသွားကြရန်၊ လူစုလူဝေးရှောင်ရှား၍ မိမိနေအိမ်မှ ထွက်ခွာတိုင်း မျက်နှာအကာနှင့် နှာခေါင်းစည်း (mask)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန်၊ နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ နေထိုင်သွားလာကြရန် အသိပညာပေး နှိုးဆော်မှုများကို အရှိန်အဟုန်ဖြင့် မွန်-မြန်မာ နှစ်ဘာသာဖြင့် ပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ခေါဇာ(ပြန်/ဆက်)