စဉ့်ကိုင်မြို့နယ်တွင် (တစ်နှစ်ခွဲ ) အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင်  ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်  တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  ကျန်းမာရေးကြီးကြပ် (၁) ဦးရဲမင်း ကြီးကြပ်၍ မြို့နယ် ကျန်းမာရေး ဌာနမှ ၀န်ထမ်းများက တစ်နှစ်ခွဲအောက်ကလေးငယ်များကို ဘီ စီ ဂျီ၊  ပြင်းထန်၀မ်း ပျက်၀မ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်  ပီ စီ ဗီ    ၀က်သက်ဂျိုက်သိုး၊ ဆုံဆို့၊  ကြက်ညှာ ၊ မေး ခိုင် ၊အသည်းရောင် အသားဝါ (ဘီ) ၊ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေးများ ကိုအသက် အရွယ်အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန် ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက် (တစ်နှစ်ခွဲ) အောက် ကလေးငယ်(၅၃)ဦး၊ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန် ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် ကလေးငယ်များအား  ကျန်းမာရေး၀န်ကြီး ဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အ၀င်တွင် လက်ကို စနစ်တကျ ဆေး စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်း (Mask) များ တပ်ဆင်စေပြီး ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ညိုညို၀င်း(စဉ့်ကိုင်)