လမိုင်း သြဂုတ် ၂၄
မွန်ပြည်နယ်၊ လမိုင်းမြို့ နှင်းစုံကျေးရွာအုပ်စု ကွမ်ဒူးကျေးရွာ မိုင်တိုင်အမှတ်(၂/၈၆/၈၇)ကြား၌ ယနေ့ နံနက် ၈ နာရီခွဲခန့်က သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့မောင်းနှင်လာသော Nissan(၁၂) ဘီးယာဉ်(ဖြူ/ပြာ)မှ ရေးမြို့နယ်ဘက်မှ မော့ကနင်ကျေးရွာဘက်သို့မောင်းနှင်လာသော ဟိုက်ဂျက် (အဖြူရောင်)ယာဉ်အား အရှိန်လွန် ၍ ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်မောင်းမှာ ဦးခေါင်းဒဏ်ရာရ(မစိုးရိမ်ရ) ရရှိခဲ့ပြီး မြိတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ ၁၂ ဘီးယာဉ်မောင်းအား လမိုင်းမြို့နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။
တင်ဇာစိုး(လမိုင်း)