မင်းကင်း သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာ Human. Papilloma. Virus(HPV) ဆေးထည့်သွင်းထိုးနှံခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်(၁၃)မျိုးမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်း ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် မင်းကင်းမြို့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် စုစုပေါင်း (၁၀၄၀)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးကျန်ထိုက်မိုးထံမှ သိရှိရသည်။
မေသက်(ပြန်/ဆက်)