လှိုင် ဩဂုတ် ၂၄
လှိုင်မြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းများတွင် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ပေါ့လျော့မှု မဖြစ်ပေါ်စေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပညာသင်ကြားလျက်ရှိသည့် ကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက် များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလိုက်နာဆောင်ရွက်ကာ ကျောင်းသို့ လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ ကျောင်းသို့ မဝင်မီလက်ဆေး စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စာသင်ခန်း အတွင်း သတ်မှတ် အကွာအဝေးဖြင့် စနစ်တကျ သင်ကြား သင်ယူ စေခြင်း၊ဆရာ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်အတွင်း Face Shield များတပ်ဆင်သင်ကြား စေခြင်း၊ ကျောင်းအတွင်း လက်ဆေးဘေစင်များထားရှိပေးကာ ကျောင်းသား၊ ကျောင်းသူများ မကြာခဏ လက်ဆေးကြရန် နှိုးဆော် ခြင်း လုပ်ငန်းများကို တာဝန်ကျ ဆရာ၊ ဆရာမများ စနစ်တကျ ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)