လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော ဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအားဆွေးနွေး

လှိုင် ဩဂုတ် ၂၄

လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော ဝတ်ပြု ဆုတောင်းခြင်းဆိုင်ရာ ခွင့်ပြုချက်များအား ရှင်းလင်းပြောကြားခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ဝတ်ပြု‌ဆုတောင်းခြင်းများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် လူ(၃၀)ဦးထက် မပိုဘဲ တာဝန်ရှိသူများက ခွင့်ပြု‌သွား ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန်အတွက် ဘာသာကြီး(၄)ခု၏ ဂေါပကအဖွဲ့များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဘာသာကြီး(၄)ခု၏ ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)