ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ် ၂၂ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဩဂုတ်လ ၂၃ ရက်၌ မိုးအားလျော့နည်းသွားသော်လည်း ချောင်းဖျား၌ရွာသောမိုးကြောင့် ယနေ့နံနက်ပိုင်းတွင် ဇမိမြစ်ရေတက်ကာ ရပ်ကွက်(၆) ရှိ အနိမ့်ပိုင်းနေအိမ်များရေဝင်ရောက်၍ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပေါ်ရှိ ချောင်းဝတံတားရေကျော်လျက် ရှိပါသည်။
အဆိုပါရေဝင်ရောက်သည့်နေအိမ်များရှိ ပြည်သူများကို ကြာအင်းဆိပ်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြတ်မေတ္တာ လူမှုကူညီရေးအဖွဲ့တို့က ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)