ကော့ကရိတ် သြဂုတ် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ညနေ (၄) နာရီချိန်က မြဝတီမြို့ စောင့်ကြည့်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်ပြည်သူ (၁၉) ဦး ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသော နေရပ်ပြန်ပြည်သူများသည် ကော့ကရိတ်မြို့မှ (၁၆) ဦး၊ ကြာအင်းဆိပ်ကြီးမြို့မှ (၃) ဦး စုစုပေါင်း (၁၉) ဦးဖြစ်ပြီး မြဝတီမြို့တွင် Quarantine ဝင်ရောက်ပြီး ကျန်းမာရေးဆေးစစ်ချက်ခံယူ Negative ရရှိထားသူများ ဖြစ်သည်။ အဆိုပါပြန်လည်ရောက်ရှိလာသော ပြည်သူများကို ကော့ကရိတ်မြို့ မြို့မအားကစားကွင်းတွင် စုရပ်ထားရှိကာ ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာမှ တာဝန်ရှိသူများက မိမိတို့နေထိုင်သည့်သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်ပို့ဆောင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်မျိုး၀င်း