ကံမ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံး ဝန်ထမ်းများ က ယနေ့နံနက် ၁၁ နာရီတွင် အခြေခံပညာ အထက်တန်းကျောင်း အထက(ကံမ)၌ ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ ဆရာဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာနှင့် ကာတွန်းများ အဆိုအမိန့်များ ပါဝင်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)