တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ဒုတိယအကြိမ် Mask Campaign ပြုလုပ်

တံတားဦး ဩဂုတ်  ၂၄

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ဒုတိယအကြိမ် Mask  Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (နာရီက တံတားဦးမြို့ အမှတ်- ရပ်ကွက် ဆုံကုန်းလမ်းဆုံမီးပွိုင့်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်

အဆိုပါပြုလုပ်ရာနေသို့ တံတားဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းနှင့် ဌာနဆိုင်ရာများ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းယုမောင်နှင့် လူမှုရေးအသင်းအဖွဲ့များက ဆုံကုန်းလမ်းဆုံမီးပွိုင့်တွင် ခရီးသွားလာကြသည့် ပြည်သူများ ဒေသခံပြည်သူများအား Mask ခုရေ(၁၀၀၀)ကို စုစုပေါင်းအင်အား (၅၀ဦးဖြင့် ဝေငှပေးကြသည်။

ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလဖြစ်သည်နှင့်အညီ  ဒေသခံပြည်သူများ အဆိုပါရောဂါမှ ကင်းဝေးစေရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို စနစ်တကျသိရှိလိုက်နာဆောင် ရွက်ရေး လက်ဆေးခြင်း နှာခေါင်းစည်းတပ်ဆင်၍ အပြင်သို့သွားလာခြင်း  တစ်ဦးနှင့်တစ်ဦး ၆ ပေကွာစနစ်ဖြင့် စကား ပြောဆိုခြင်း   ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကြရန်လိုကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း၏ ပြောကြားချက်များအရ သိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)