ကောလင်း ဩဂုတ်၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျွန်းလှခုံကျေးရွာတွင် အိမ်းတွင်းမှုပညာ အခြေခံ ဖိနပ်လုပ်နည်း သင်တန်းကို ယမန်နေ့က ချင်းတွင်းမေတ္တာပရဟိတအသင်းမှ ဒေါ်ရီရီမြင့် က အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရ သည်။
အဆိုပါအခြေခံဖိနပ်လုပ်နည်းသင်တန်းသို့ ကောလင်းမြို့၊ ဝန်းသိုမြို့၊ ကသာမြို့၊ ကျောက်ဆည် မြို့တို့မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၄၀)ကျော်တို့ တက်ရောက်သင်ကြားလျက်ရှိပြီး “အိမ်တွင်းလက်မှု ပညာ ရပြီး တစ်ဖက်တလမ်းက ဝင်ငွေရရှိဖို့ သင်တန်းဖွင့်ပေးတာပါ"ဟု သင်တန်းကို ဦးဆောင်ဖွင်လှစ်ပေးသူ ဒေါ်မိမိကြီးမှ ပြောပြသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သူများကို ဩဂုတ်လ(၂၃)ရက်နေ့ တစ်ရက်တည်းဖြင့် အတတ်သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)