ထီးလင်း ဩဂုတ် ၂၄
ကိုရိုနာဗိုင်းရပ်စ်(COViD-19)ရောဂါ ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေး အတွက် ပြည်သူ များအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ အလေးထား တပ်ဆင် သွားလာရေး နှင့်နှာခေါင်းစည်း(Mask)များ မတပ်ဆင်ဘဲ သွားလာသူများအား စစ်ဆေး အရေးယူမှုများ ပြုလုပ်ခြင်းကိုယမန်နေ့နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ ယောရွှေပြည်ကားဂိတ် နေရာ၌ ပြုလုပ်ဆောင်ရွက်သည်။
ယင်းသို့ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ ဦးဆောင်သော ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်ကလေး/ အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့တို့က မြို့တွင်း ဖြတ်သန်းသွားလာနေသည့် ယာဉ်ကြီး/ယာဉ်ငယ်များ၊ ရပ်ကွက်နေ ပြည်သူများနှင့် ခရီးသွား ပြည်သူများအား နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေဆောင်စေကာ နှာခေါင်းစည်း(Mask)များ တပ်ဆင်ဆောင်ရွက် ပေးခြင်း၊ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19)ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများ အနေဖြင့် မိမိတို့၏ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း နှားခေါင်းစည်း (Mask) အလေးထား တပ်ဆင်သွားလာရေး ထီးလင်း မြို့တွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)