မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကွန်ကရစ်လမ်းသစ်ခင်းကျင်းနေမှုနှင့် တစ်နှစ်ပတ်လုံးသန့်ရှင်းရေးစီမံချက်အရ ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်သို့ ကွင်းဆင်းကြည့်ရှု

မြောက်ဥက္ကလာပ     ဩဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကွန်ကရစ်လမ်းသစ် ခင်းကျင်းနေမှုနှင့် တစ်နှစ်ပတ်လုံး သန့်ရှင်းရေးစီမံချက်အရ  အမှိုက်များ ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်သို့ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းရာတွင်  မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက (၂)ရပ်ကွက်တွင် ၂၀၁၉-၂၀၂၀ ပိုလျှံဘတ်ဂျတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အကျယ် ၁၆ ပေ၊ အရှည်၃၅၀ပေ၊  ထု ၆လက်မရှိ ကွန်ကရစ်လမ်းခင်းကျင်းနေမှုများ၊ ကျောက်ရေတွင်းရပ်ကွက်တွင် တစ်နှစ်ပတ်လုံး သန့်ရှင်းရေးစီမံချက်အရ အမြင်မတင့်တယ်သည့် နေရာများရှင်းလင်းခြင်း၊ စွန့်ပစ် အမှိုက်များသိမ်းဆည်း ခြင်းကို  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းနှင့် လိုအပ်ချက်များကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

"စည်ပင်ဌာနမှ မည်မျှပင်ထိန်းသိမ်းပေးစေကာမှု မိမိတို့မြို့ရွာ၊ ရပ်ကွက်၊ လမ်းများ သန့်ရှင်း သပ်ရပ်မှုရှိစေရေးအတွက် ရပ်ရွာအတွင်း နေထိုင်သူများကိုယ်တိုင် စည်ကမ်းရှိစွာ ထိန်းသိမ်း နေထိုင်မှသာ အစဉ်အမြဲသန့်ရှင်းသာယာမှုရှိပေမည်"ဟု မြို့နယ် စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇေမိုးမှ ပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)