မိုင်းရှူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ ကျန်ရှိမှု မရှိစေ ရေး အတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး

 

မိုင်းရှူး  ဩဂုတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ ကျန်ရှှိမှုမရှိစေရေး အတွက် တစ်အိမ်တက် ဆင်း  တိုက်ဆိုင် စစ်ဆေးခြင်းကို သြဂုတ် ၁၉ ရက်မှ စတင်ဆောင်ရွက်ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိ သူများက လာမည့် အထွေထွေရွေးကောက် ပွဲတွင်အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံး စေရေး၊ မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန် မှုရှိစေရေး၊ မဲစာရင်းတွင်မပါဝင်သူများ ပုံစံ (၃)ဖြင့် လျှောက်ထားနိုင်ရေး၊ မပါဝင် သင့်သည့် အမည်စာရင်း ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက် မှားယွင်း မှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်ရေးအတွက်ရပ်ကွက်/ကျေးရွာ အလိုက် တစ်အိမ် တက်ဆင်း တိုက်ဆိုင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် မိုင်းစံမြို့အပါအဝင် ရပ်ကွက်(၇)ခု၊ ကျေးရွာအုပ်စု(၁၇)အုပ်စု ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၉၇၅၄)ဦး၊ မဲရုံပေါင်း(၄၄)ရုံလျာထားကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)