အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် လေဟာပြင်ဈေးတွင် ဈေးသည်များ နှာခေါင်းစည်းများ တပ်ဆင်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ် လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် လေဟာပြင်ဈေးတွင် ဈေးသည်များ နှာခေါင်းစည်းများ တပ်ဆင်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ယမန်နေ့ နံနက်(၆)နာရီအချိန်က စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဈေးများဌာနမှ ခရိုင် ဦးစီးအရာရှိ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့် ဈေးတာဝန်ခံများနှင့်အတူ လေဟာပြင်ဈေး အတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ် လာသူ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် နှာခေါင်းစည်းများ တပ်ဆင်ရောင်းချ၊ ဝယ်ယူခြင်း ရှိ/မရှိ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လေဟာပြင်ဈေး တာဝန်ခံရုံးခန်းသစ် တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)