ပင်လုံ ဩဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စုများအတွင်းရှိ မသန်စွမ်း သူများအား နိုင်ငံတော်အစိုးရက မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးမှုအား ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၂)ရှိ မသန်စွမ်းသူ (၁၂)ဦးအား ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးစိုင်းရွှေထွန်း၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့က မသန်စွမ်းသူများ လက်ဝယ်သို့ အရောက် တစ်အိမ်တက်ဆင်း ဆက်လက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)