မိုင်းငေါ့ ဩဂုတ်၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားစီးရေး လုပ်ငန်းများအတွက် ယနေ့ နံနက်(၁၀)နာရီအချိန်က နှာခေါင်းစည် Mask တပ်ဆင်သွားလာမှုမရှိသော ပြည်သူများအားနှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားခဲ့သော် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်၁၉ရောဂါလက္ခဏာများ တွေ့ရှိလာနိုင်ခြေရှိသည့် အတွက် ဒေသခံပြည်သူများအနေဖြင့် ပေါ့ဆစွာနေထိုင်ခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာနိုင်ရန်အတွက် ယခုလိုဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါနှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခြင်းကို မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူအောင် ဦးဆောင်ပြီး ဌာနဆိုင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုရေး အအသင်းအဖွဲ့များ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ရာဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask အခု(၅၀၀)ကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)