မြောက်ဥက္ကလာပ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်အတွင်း သန့်ရှင်းသာယာ လှပရေးနှင့် ရေစီးရေလာ ကောင်းမွန် စေရေး ရေမြောင်းတူးဖော် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက (ဆ)ရပ်ကွက် သုနန္ဒာ(၁၀)လမ်းနှင့် (၁၃) လမ်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ၊ သစ်ရွက်ခြောက်များ ရှင်းလင်းခြင်း၊ အမြင် မတင့်တယ်သည့် လမ်းဘေးချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းနှင့် လူနေအိမ်ရှေ့ များ၌ ပိတ်ဆို့နေသည့် ရေမြောင်းများတွင် အမှိုက် များ၊ နုံးများဆယ်ယူခြင်းဖြင့် ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းကို (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေး အဖွဲ့ဝင်များ၊ ပရဟိတ လူငယ်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ NGO များ၊ ပရဟိတအသင်းများ၊ ပြည်သူများ ပူးပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)