ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေး (Talk Show) ပြုလုပ်

ဖျာပုံ       ဒီဇင်ဘာ     ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်   အသိပညာပေး (Talk  Show)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး (Talk Show) ပြုလုပ်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိရန် နိုင်ငံ့ခေါင်းဆောင်များ၏ ကြိုးပမ်းခဲ့ကြပုံများနှင့် လွတ်လပ်ရေးရရန် အဆင့်ဆင့်တိုက်ယူခဲ့ကြပုံများကို မေးမြန်းရာ၊  ဖျာပုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club)အဖွဲ့ဝင်     ဆရာဦးဟန်ဝင်းအောင်က မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် ပြည်ထောင်စုတိုင်းရင်းသားများ သွေးစည်းညီညွတ်မှုဖြင့် တိုင်းတပါးလက်အောက်မှ အဆင့်ဆင့်တိုက်ယူရခဲ့သည့် လွတ်လပ်ရေးကို တန်းဖိုးထား ထိန်းသိမ်းသင့်ပုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်