တောင်တွင်းကြီး ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊မြို့မအခြေခံပညာ အလယ်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲတွင် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများက၊ ထုတ်ဆီးတိုးပြိုင်ပွဲများနှင့် အခြားကစားနည်းများ၊ အငယ်တန်းမှ ကျောင်းသား/ကျောင်းသူများက အာလူးကောက်၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ အပါအဝင် အခြားကစားနည်း မျိုးစုံပြိုင်ပွဲကို ကျင်းပခဲ့ပြီး အဆိုပါ အားကစားပြိုင်ပွဲများကို ကျောင်း အုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)