ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် ကျေးရွာများအရောက် Mobile စနစ်ဖြင့် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

ပွင့်ဖြူ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံ ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံ ပြည်သူများကို ယမန်နေ့ နေ့လယ်ပိုင်းက ဆေးထိုး စုရပ်()နေရာနှင့် ကျေးရွာများအရောက် Mobile စနစ်ဖြင့် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် ()နေရာခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်()ကျောင်း၊ ကုန်းဇောင်းကျေးရွာ တိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

ယနေ့ဆေးထိုးစုရပ်()နေရာနှင့် Mobile စနစ်ဖြင့်ကာကွယ်ဆေး လာရောက်ထိုးနှံမှု အနေဖြင့်    ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ဦးရေ ၆၄၈ ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ ၂၉၀ ဦးရှိကြောင်း    သိရပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ နောက်ဆုံးပတ်ထိသာ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်ဆေး ထိုးစုရပ်များတွင် မဖြစ်မနေ ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)