ညောင်ဦး ဩဂုတ် ၂၄
စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးကျော်မင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ (Book Club) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှသိရှိလိုသည်များနှင့် မရှင်း လင်းသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးပြောကြားကြသည်။
အဆိုပါ အခမ်းအနားသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်တင့်နှင့် အဖွဲ့ဝင်များ၊ (Woman Club) အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်းဦးရေ ၂၅ ဦးခန့် တက်ရောက်ကြသည်။
ထို့နောက် (Book Club) ဥက္ကဋ္ဌ ဦးမောင်တင့်က စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းသည် များစွာအကျိုးရှိကြောင်း၊ ကျင်းပပြုလုပ်ပေးသည့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး အခမ်းအနားကို နံနက် (၁၁) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)