မြောက်ဥက္ကလာပ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း အလုပ်အမှု ဆောင် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့ သည်။
ရှေးဦးစွာ မြိုနယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်သစ် ရွေးချယ် ခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယခုအစည်းအဝေးမှာ အမှုဆောင်အသစ်များဖြင့် ပထမဆုံးပြုလုပ် သည့် အစည်းအဝေး ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် လျာထားချက်များဖြစ်သည့် နှစ်စဉ်ဥက္ကလာ မဂ္ဂဇင်းထုတ်ဝေနိုင်ရန်၊ အခါ အားလျော်စွာ လေလာ့ရေး ခရီးထွက်ပြီး ခရီးသွားအတွေ့အကြုံများ၊ ဗဟုသုတများ ရှာဖွေရေးသားနိုင်ရန်၊ လူသားအကျိုးပြု စာပေလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်၊ ပြန်/ဆက်နှင့် စာဖတ်ဝိုင်း၊ ပြည်သူ့စကားဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသူ မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်များက အကြံပြုချက်၊ လိုအပ်ချက်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)