ဂွမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေး

 

ဂွ  ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာပေးခြင်းများကို ယမန်နေ့က  လူစည်ကားရာ နေရာဖြစ်သည့်  မီးပွိုင့်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာခြင်း မရှိစေရေး အသိပညာပေးခြင်းကို ဂွမြို့ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပြီးပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးခြင်းများကို နေ့စဉ် စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်