လားရှိုး ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျလွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့ ၊ လောက်ကိုင်မြို့ နှင့် ချင်းရွှေဟော်မြို့ များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော် ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက် ရှိရာတွင် ဩဂုတ်လ (၂၄)ရက်နေ့၌ နေရပ်ပြန်ပြည်သူ အမျိုးသား(၂၅)ဦး ၊ အမျိုးသမီး (၉)ဦး စုစုပေါင်း (၃၄)ဦး တို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၃၄)ဦး တို့တွင် ကချင်ပြည်နယ်မှ(၂)ဦး ၊ကရင်ပြည်နယ်မှ(၄)ဦး ၊ စစ်ကိုင်း တိုင်းဒေသကြီးမှ (၆)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး ၊ မကွေးတိုင်း ဒေသကြီးမှ (၈)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၆)ဦးတို့ဖြစ်ကြသည်။
နေရပ်ပြန်ပြည်သူများအား ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့အထိ အမျိုးသား (၉၄၀၅)ဦး ၊ အမျိုးသမီး (၅၉၂၁)ဦး စုစုပေါင်း (၁၅၃၂၆) ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့သည်။
နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)