ပလောက်မြို့၌ အသိပညာပေး နံရံကပ်စာစောင်များပြသ

ပလောက် ဩဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက ရုံးအရှေ့မြေစိုက်ဘုတ်၌ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ (၂၀၂၀) ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ၊ နေရပ်ဒေသ ပြောင်းရွှေ့နေထိုင်သူများနှင့် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေသူများ မဲပေးနိုင်ရန်ဆောင်ရွက်ရမည့်အချက်များ၊ မကြာခဏမေးလေ့မေးထရှိသော မဲ ဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်း၊ အဖြေများနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးစာစောင်တို့ကို ထည့်သွင်းပြသထားကြောင်း သိရသည်။

နှင်းမြူလွင်