ရမည်းသင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက်တိုက်ဆိုင်စစ်ဆေး

ရမည်းသင်း ဩဂုတ် ၂၄

ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိရေး အမည်စာရင်းတိကျမှန်ကန်စေရန်အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းမေးမြန်စစ်ဆေးရေးအဖွဲ့များက ဩဂုတ်လ (၂၀) ရက်စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရမည်းသင်းမြို့နယ်၌ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၃) အုပ်စုရှိပြီး မဲရုံပေါင်း (၂၄၇) ရုံသတ်မှတ်ထားကြောင်း၊ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ ဆန္ဒမဲစာရင်းပါအချက်အလက်များ ပြည့်စုံမှန်ကန်ရေး၊ မှားယွင်းမှုများကို ပြင်ဆင်လျှောက်ထားနိုင်ရေးတို့အတွက် အိမ်တိုင်ရာရောက်ကွင်းဆင်း စစ်ဆေးမေးမြန်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး ရပ်ကွက်၊ ကျေးရွာများအား ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များပူးပေါင်းကာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိရေး တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဝင်းအောင် (ရမည်းသင်း)