ဝန်းသိုမြို့နယ် ကျေးရွာ နှစ်ရွာတွင် ကဏ္ဍပေါင်းစုံအကျိုးပြုနိုင်မည့် လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ဝန်းသို ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ဝန်းသိုမြို့နယ် ပန်းညိုကျေးရွာနှင့် သင်တောကျေးရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ကျောက်ရောမြေနှင့် မြေနီကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းလိုအပ်ချက်များအပေါ်  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းညိုကျေးရွာလမ်းအရှည်ပေ ၃၀၀၀၊အကျယ် ၁၂ပေ၊ ထု ၉လက်မရှိ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းနှင့် သင်တောကျေးရွာ လမ်းအရှည်ပေ ၃၀၀၀၊အကျယ် ၁၂ပေ၊ ထု ၉လက်မရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းတို့ကို  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ် (၁၀)သန်းစီနှင့် ပြည်သူလူထုထည့်ဝင်ငွေများပူးပေါင်း၍ကျေးရွာဖွံ့ဖြိုးရေးကော်မတီမျာက ဆောင်ရွက် နေခြင်းဖြစ်ပြီး  လုပ်ငန်များဆောင်ရွက်ပြီးစီးပါက ပန်းညိုကျေးရွာရှိ အိမ်ခြေ(၅၅)အိမ်၊ လူဦးရေ(၂၆၃)ဦး နှင့် သင်တောကျေးရွာရှိ အိမ်ခြေ(၅၆)အိမ်၊လူဦးရေ(၃၂၀)ဦးတို့အတွက်  ကဏ္ဍပေါင်းစုံအကျိုးပြုနိုင်တော့ မည်ဖြစ်သည်။

ဝန်းသိုမြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ခု ( )လဘဏ္ဍာရေးနှစ်အတွင်း (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀စီဖြင့် ကျေးရွာပေါင်း ရွာတွင် လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။

မြို့နယ်