ကျောက်ဖြူ ဒီဇင်ဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်/မြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့နံနက်ပိုင်း က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်သည့် အခမ်းအနားကို ၎င်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ပြုလုပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှူး ဒေါ်ကေသီဝမ်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားရှိ ခြင်းနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ(၉၄)ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပေးအပ်ခဲ့ကြသည်။