မုဒုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲ များကျင်းပ

မုဒုံ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ် အမှတ်() အခြေခံပညာ အထက်တန်းကျောင်း တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂  မွန်းလွဲပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်၊  အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် ကာယ၊ ဉာဏ၊ စွမ်းရည် များ ရင့်သန်လာစေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကစား ကြရန် အမှာစကားပြောကြားသည်။

ထို့နောက် အားကစားပွဲများအဖြစ် မူ၊ လယ်၊ ထက်ဆင့် ကျောင်းသား၊ ကျောင်းသူများက အသင်း ()သင်းခွဲပြီး ထုပ်စည်းထိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ဘော်လုံးပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲများ၊ မီတာ(၅၀)အပြေးပြိုင်ပွဲ၊ မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ ဘော်လုံးနင်းပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ စသည့် အားကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများ အား လွတ်လပ်ရေးနေ့တွင် ထိုက်တန်စွာဆုများ အသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)