စေတုတ္တရာ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ထက်မြတ်စေပြီး ပူးပေါင်းဆောင်ရွက် တတ်သည့် စိတ်ဓာတ်များ ဖြစ်ထွန်းလာစေရန် အားကစားပြိုင်ပွဲများနှင့် စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းလာစေရန်အတွက် စာအုပ်ပြပွဲများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အားကစားပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)