ပဲခူး ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ E-mail ပေးပို့နည်းနှင့် သတင်းဗီဒီယို တည်းဖြတ် နည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက လုပ်ငန်းအစီရင်ခံစာများ ပေးပို့ရာတွင် လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်ရာတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အတွင်း ရှိ သင်ယူရန်လိုအပ်သည့် ဝန်ထမ်းများအား ခေါ်ယူပြီးသင်ကြားရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး E-mail ပေးပို့နည်း အခြေခံများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နု နှင့် ဦးစီးအရာရှိ ဒေါ်ချစ်ချစ်သန်း တို့ကလည်းကောင်း၊ သတင်းဗီဒီယိုတည်းဖြတ်နည်းကို အကြီးတန်းစာရေး ဒေါ်ဟေမာလွင်နှင့် လုပ်သားရုပ်သံ ဒေါ်ဆုပြည့်ဝေတို့ကလည်းကောင်း သင်ကြားပေးခဲ့သည်။ သင်တန်းသို့ ခရိုင်အတွင်းရှိ ဝန်ထမ်း(၁၀)ဦး တက်ရောက်ကာ လက်တွေ့ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)