အောင်လံ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်ရှိ ကံမလေးမြစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲ (၁) နာရီက သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကံမလေးမြစ်ရေတင်စီမံကိန်းတာဝန်ခံ ရေအရင်းမြစ်အရာရှိမှ မြစ်ရေတင် စီမံကိန်း လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသည် ကံမလေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမှ တောင်သူများနှင့် တွေ့ဆုံကာ မြစ်ရေတင်လုပ်ငန်းများကို ပါဝင်ကူညီ ဆောင်ရွက်ကြရေး၊ စပါးသီးနှံအောင်မြင်အောင် စိုက်ပျိုးကြရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ အဆိုပါ စီမံကိန်း ဆောင်ရွက်ပြီးစီးပါက လယ်ဧက (၃၀၀)ခန့် စိုက်ပျိုးရေးအတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း