ကန်ကြီးထောင့်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ များနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကန်ကြီးထောင့်   ဒီဇင်ဘာ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ များနှင့် စာအုပ်စာစောင်ပြပွဲအား ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ အင်္ကျီဝတ် ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့် သုံးချောင်းထောက်အပြေးပြိုင်ပွဲများကို ပြုလုပ်ခဲ့ပြီး အမှတ်(၃) ရပ်ကွက်၊ မြို့သစ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးက ပြိုင်ပွဲများ ကျင်းပပြု လုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပြိုင်ပွဲစည်းကမ်းများ အကြောင်းအား ကျောင်းသား၊ ကျောင်းသူလေးများအား ရှင်းလင်းပြော ကြားခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)