သရက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို အဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပုံပြစာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သရက်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးက ရုပ်ပုံပြစာစီစာကုံးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)