နတ်မောက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုစာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ စာအုပ်စာစောင်များအပြင် အခြားဗဟုသုတရစေမည့် သုတမျိုးစုံ၊ ရသမျိုးစုံ စာအုပ်များစွာခင်းကျင်းပြသထားရာ စာပေဖတ်ရှုလေ့လာသူ ကျောင်းသားကျောင်းသူများကလည်း ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်မျိုးစုံများ၊ အပျော်ဖတ်ရုပ်ပြနှင့်ကာတွန်းစာအုပ်များအား လာရောက်လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထို့နောက် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုစာအုပ်စာစောင်ပြသခြင်းကို စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များ လာရောက်လေ့လာဖတ်ရှု့နိုင်ရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)