မြင်းမူ ဒီဇင်ဘာ ၂၂
ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရေးနည်လမ်းများနှင့် ပတ်သက်၍ သိရှိနာလည်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က မြင်းမူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးနေလင်းအောင် က Talk Show ဆွေးနွေပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျာ်ဦး က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝဘေးကြုံတွေ့လာပါက ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)