မင်းလှ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ် (TSDP) အရ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာန တို့ ပူးပေါင်းကျင်းပသော အခြေခံ ပညာ ကျောင်းပေါင်းစုံ ထက်/လယ်အဆင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက အောင်တံခွန်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲကို မြို့နယ်အားကစားမှူး ဦးလှဖုန်းနှင့် ပညာရေးဝန် ထမ်းဆရာ၊ ဆရာမများ က ဒိုင်များအဖြစ် ဦးဆောင်ကျင်းပခဲ့ရာ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ကျောင်းပေါင်းစုံ ထက်/လယ် အဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုချီးမြှင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဇော်လင်းထွန်း၊ မြို့နယ်အားကစားမှူးနှင့် ပညာရေးဝန်ထမ်းများက ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ