ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေးသတိရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

သရက်   ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေးသတိရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းများကို ယနေ့နံနက် နာရီက စည်ပင်သာယာမြို့မဈေးနှင့် ဗိုလ်ချုပ်အားကစားကွင်းအတွင်းရှိ ယာယီပျံကျဈေးအတွင်းမှ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွား လမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းသူများအား အသိ ပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း (Mask Campaign) ဆောင်ရွက်ခြင်းအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  ဒေသခံခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနင်သူများ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း (Mask )များ စနစ်တကျ တပ်ဆင်သွားလာကြစေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာစေရန် အသိပညာပေး နှိုးဆော်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေပေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

ဇော်ဝမ်းထွန်း(အောင်လံ)