သံဖြူဇရပ် ဒီဇင်ဘာ ၂၂
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျုံကဒတ် အ.ထ.က ကျောင်း၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးကို ယမန်နေ့နံနက် ၉ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲထိ ကျုံကဒတ် အ.ထ.ကကျောင်း၌ နေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး ကျောင်းသား (၅၃)ဦး၊ ကျောင်းသူ(၄၈)ဦး၊ ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း(၁၀၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)