ရွှေသောင်ယံမြို့တွင် လျှပ်စစ်မီတာသုံးစွဲသူ ပြည်သူများအား မီတာချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများကို မြို့လျှပ်စစ်မှူးရုံးရှေ့တွင် မြေစိုက်ဘုတ် စိုက်ထူကာပြသ

ရွှေသောင်ယံ ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ လျှပ်စစ်မှူးရုံးရှေ့တွင် မြေစိုက်ဘုတ်ပြုလုပ်ကာ ရွှေသောင်ယံမြို့ရှိ လျှပ်စစ်မီတာ သုံးစွဲသူ ပြည်သူများအတွက် လျှပ်စစ်မီတာကိုချွေတာသုံးစွဲနိုင်မည့် နည်လမ်းပိုစတာများကို ပြသလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါမြေစိုက်ဘုတ်တွင် လျှပ်စစ်ဓါတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများ၊ လျှပ်စစ်၏အန္တရာယ်၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များစသည်ဖြင့် ထည့်သွင်းဖေါ်ပြထားပြီး လာ ရောက်ကြည့်ရှု့သူ    ပြည်သူများကို ရွှေသောင်ယံမြို့ လျှပ်စစ်ဦးစီးမှူးမှ လျှပ်စစ်မီတာကို ချွေတာသုံးစွဲနိုင်မည့် နည်းလမ်းများကို ရှင်း လင်းပြသပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမောင်