ဒိုက်ဦးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဒိုက်ဦး ဒီဇင်ဘာ ၂၂ 

၂၀၂၁ ခုနှစ် ဒိုက်ဦးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအသက် ၁၈ နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် လှံတံပစ်၊ သံလုံးပစ်၊ သံပြားပစ်၊ အလျားခုန်၊ မီတာ(၁၀၀) (၂၀၀) (၄၀၀) (၈၀၀) (၁၅၀၀) အပြေးပြိုင်ပွဲများ ပါဝင်ပြီး မြိုနယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အသက် ၁၈ နှစ်အောက် အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် ဆုရရှိကြသူများအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်နောင်ဦး၊ အဖွဲ့ဝင်(၂) ဦးတင်ထွဋ်မြင့်၊ မီးသတ်ဦးစီးမှူး ဦးချမ်းမြေ့ထွန်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်ကြူကြူခိုင်၊ မြို့နယ်အားကစားမှူး ဦးနေလင်းဦးနှင့် တာဝန်ရှိသူများက အသီးသီး တက်​ရောက်ပြီး ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)