မင်းတုန်း ဩဂုတ် ၂၄
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့် မင်းတုန်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံး စေရေး၊ မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်သူစိုးနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်စုသက်နှင်းဝေတို့မှ လုပ်ငန်းများဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် အမှတ်(၄)ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဆောင်ရွက်ထားရှိသည့် မဲရုံပုံစံအားကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ သည်။
ချင်းကလေး(NRDC)