ငရုတ်ကောင်း သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပါတ်ကွင်း ကျေးရွာတွင် ယမန်နေ့နံနက် ၁ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ ကျဆင်းမှု ဖြစ်ပွားခဲ့၍ နေအိမ်အချို့ အနည်းငယ်ပျက်စီးမှုများ ဖြစ်ပွား ခဲ့ကြောင်း သစ်ရောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါ တောင်ကျချောင်းရေ ကျဆင်းမှုများသောကြောင့် သစ်ရောင်းကျေးရွာ အုပ်စု၊ သံပါတ်ကွင်း ကျေးရွာ ချောင်းကမ်းနား လမ်းတွင် နေထိုင်သော လူနေအိမ်(၂)လုံး ရေနောက်မျောပါ ဆုံးရှုံးခဲ့ပြီး နေအိမ်(၂)လုံးမှ အိမ်သုံးပစ္စည်းများ ရေနောက်မျောပါ ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြသည်။ ၎င်းတောင်ကျချောင်းရေကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များမှ ပြည်သူများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)