၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကံမမြို့နယ်မှတာဝန်ရှိသူများတွေ့ဆုံ

ကံမ ဩဂုတ် ၂၄

၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက်    မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊မြို့ပေါ်ရပ်ကွက်များမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများတွေ့ဆုံပွဲကို ကံမမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက  မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး   မြို့နယ်အုပ်ချုပ်ရေးမှူး၊   မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့်     လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးတို့က  လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့နောက်  အမှတ်(၃)ရပ်ကွက်၊ အ.မ.က(မဒေးဝ)၌ ဆောင်ရွက်ထားရှိသည့် မဲရုံအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဇေယျဝင်း(ကံမ)