ဒေးဒရဲမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ဒေးဒရဲ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ယနေ့နံနက် ၇နာရီ အချိန်က စတင်၍ အငြိမ်းစားဝန်ထမ်းများ၏ လစာ များကို ပုံမှန်ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပင်စင်စားဝန်ထမ်း (၁၀၀၉)ဦး ရှိပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ နေ့စဉ်နံနက် ၇နာရီအချိန်မှစ၍ ပင်စင်လစာငွေများကို ထုတ်ပေးသွားမည် ဖြစ်သည်။ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်း မရှိသော ပင်စင်စားဝန်ထမ်းများအား ကျန်ရက် များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း