ညောင်တုန်းမြို့ သန့်ရှင်းသာယာလှပရေးအတွက် (Green City, Clean City, Smart City) နှင့်အညီဆောင်ရွက်ထားမှုများအားကွင်းဆင်းစစ်ဆေး

ညောင်တုန်း  ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သန့်ရှင်းသပ်ရပ်သာယာလှစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပြည်သူများ ပူးပေါင်း၍ (Green City, Clean City, Smart City) အဖြစ်ဆောင်ရွက်ထားရှိမှုအား ယမန်နေ့ နံနက်ပိုင်းက စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီမြို့နယ်စည်ပင် သာယာရေးအဖွဲ့များ၏ လုပ်ငန်းစွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာပြီးစိမ်းလန်းစိုပြေသော မြို့အင်္ဂါရပ်(Green City, Clean City, Smart City)နှင့်အညီ အကောင်းဆုံးဆောင်ရွက်နိုင်သောမြို့များကို ဆုချီးမြှင့်ရန် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်း‌ဇော်နှင့် အဖွဲ့မှ မြို့မစျေး၊ မြို့အဝင်အထွက် ကြိုဆိုပါ၏ဆိုင်ဘုတ်နေရာများ၊ မြို့တွင်းလမ်းမများနှင့် အများပြည်သူအပန်းဖြေရာ ပန်းခြံတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ဆေးခြင်းများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျောစိုး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်‌မောင်းဦးနှင့် တာဝန်ရှိသူမျာက မြို့ပါ် ရပ်ကွက်များတွင် သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုအခြေအနေများကို လိုက်လံရှင်း‌လင်း ပြသခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)